ကျန်းမာရေးဝန်ကြီးဌာန

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မန္တလေး

သွားဘက်ဆိုင်ရာဆေးပညာဘွဲ့လွန်သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။        ၂၀၂၄ ပညာသင်နှစ်အတွက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးတွင် ဖွင့်လှစ်သင်ကြားမည့် အောက်ဖော်ပြပါ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့လွန်သင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူ သွားဘက်ဆိုင်ရာဆရာဝန်များ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဒီပလိုမာသင်တန်းများ

စဉ်သင်တန်းအမည်                       သင်တန်းကာလ
 (က)အထွေထွေသွားရောဂါကုဒီပလိုမာ Dip.D.Sc.(General Dental Practice)                               (၁)နှစ်
(ခ)သွားမြစ်တုအစားထိုးဆေးကုသမှုပညာဒီပလိုမာ Dip.D.Sc (Dental Implantology)                                (၁)နှစ်  

သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံသင်တန်းများ

စဉ်သင်တန်းအမည်သင်တန်းကာလ
(က)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(ခံတွင်းနှင့်မျက်နှာမေးရိုးခွဲစိတ်ကုပညာ)   M.D.Sc (Oral and Maxillofacial Surgery)  (၂)နှစ်
(ခ)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(မေးရိုးနှင့်ခံတွင်းဆေးပညာ)   M.D.Sc (Oral Medicine)  (၂)နှစ်
(ဂ)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(သွားရောဂါကုဆေးပညာ)   M.D.Sc (Conservative Dentistry)  (၂)နှစ်
(ဃ)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(သွားတုဆေးပညာ)   M.D.Sc (Prosthodontics)  (၂)နှစ်
(င)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(ကာကွယ်ရေးနှင့်လူထုသွားကျန်းမာရေးပညာ)   M.D.Sc (Preventive and Community Dentistry)  (၂)နှစ်
(စ)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(သွားဖုံးရောဂါကုပညာ)   M.D.Sc (Periodontology)  (၂)နှစ်
(ဆ)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(ကလေးသွားကျန်းမာရေးပညာ)   M.D.Sc (Paediatric Dentistry)  (၂)နှစ်
(ဇ)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(သွားညှိကုပညာ)   M.D.Sc (Orthodontics)  (၂)နှစ်
(ဈ)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံ(သွားဘက်ဆိုင်ရာခန္ဓာဗေဒနှင့်ဇီဝကမ္မဗေဒ)   M.D.Sc (Oral Biological Science)  (၂)နှစ်

သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်းများ

စဉ်   သင်တန်းအမည်သင်တန်းကာလ
(က) သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ (ခံတွင်းနှင့်မျက်နှာမေးရိုးခွဲစိတ်ကုပညာ) Dr.D.Sc(Oral and Maxillofacial Surgery)  (၃)နှစ် 
(ခ) သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့  (မေးရိုးနှင့်ခံတွင်းဆေးပညာ)   Dr.D.Sc (Oral Medicine)  (၃)နှစ်
(ဂ) သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ (သွားရောဂါကုဆေးပညာ) Dr.D.Sc (Conservative Dentistry)  (၃)နှစ်
(ဃ) သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ (သွားတုဆေးပညာ)   Dr.D.Sc (Prosthodontics)  (၃)နှစ်
(င) သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ (သွားဖုံးရောဂါကုပညာ) Dr.D.Sc (Periodontology)(၃)နှစ်
  (စ)   သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးသွားကျန်းမာရေးပညာ)   Dr.D.Sc (Paediatric Dentistry)  (၃)နှစ်
(ဆ) သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ (သွားညှိကုပညာ)   Dr.D.Sc (Orthodontics)(၃)နှစ်

၂။ လိုအပ်သောအရည်အချင်းများ

 – ဒီပလိုမာသင်တန်းများ

       (က)    အထွေထွေသွားရောဂါကုဒီပလိုမာ

                  Dip.D.Sc.(General Dental Practice)

(၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။  
(၂)သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ (B.D.S.)ဘွဲ့ရရှိထားသူ (သို့မဟုတ်) မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီမှ အသိအမှတ်ပြုထားသော အလားတူဘွဲ့ရရှိထားသူ ပြင်ပသွားဘက် ဆိုင်ရာဆရာဝန်ဖြစ်ရမည်။  
(၃)လက်ရှိတရားဝင် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဆေးကုသခွင့် မှတ်ပုံတင်(သခ) သက်တမ်း (၂)နှစ် ပြည့်ပြီး(သခ) သက်တမ်းတိုးကိုင်ဆောင်ထားသူ ဖြစ်ရမည်။  
(၄)အသက် သတ်မှတ်ချက် မရှိပါ။  
(၅)သတ်မှတ်ထားသောသင်တန်းကြေးများကို ပေးသွင်းနိုင်သူဖြစ်ရမည်။  
(၆)သတ်မှတ်ထားသောသင်တန်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။  

         (ခ)   သွားမြစ်တုအစားထိုးဆေးကုသမှုပညာဒီပလိုမာ

                  Dip.D.Sc (Dental Implantology)

(၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။  
(၂)သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ (B.D.S) ရရှိထားသူ (သို့မဟုတ်) မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီမှ အသိမှတ်ပြုထားသော အလားတူဘွဲ့ရရှိထားသူဖြစ်ရမည်။  
(၃)လျှောက်လွှာပိတ်သည့်ရက်တွင် လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ရက်မပါ အနည်းဆုံး လုပ်သက်(၁)နှစ် ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်။  
(၄)လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၅၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။  
(၅)ဒီပလိုမာရရှိပြီးနောက် အနည်းဆုံး(၂)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။  
(၆)သတ်မှတ်ထားသော သင်တန်းကာလကို အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမည်။

          (ဂ)    သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံသင်တန်းများ

(၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။  
(၂)သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ (B.D.S) ရရှိထားသူ (သို့မဟုတ်) မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီမှ အသိမှတ်ပြုထားသော အလားတူဘွဲ့ရရှိထားသူဖြစ်ရမည်။  
(၃)လျှောက်လွှာပိတ်သည့်ရက်တွင် လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ရက်မပါ အနည်းဆုံး လုပ်သက်(၁)နှစ် ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်။  
(၄)လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၄၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။  
(၅)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးပါက အနည်းဆုံး(၅)နှစ် နိုင်ငံ့ဝန်ထမ်း အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(၆)သတ်မှတ်ထားသော သင်တန်းကာလကို အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမည်။

         (ဃ)    သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူသင်တန်းများ

(၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။  
(၂)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံဘွဲ့(M.D.Sc) (သို့မဟုတ်) မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆိုင်ရာဆေးကောင်စီမှ အသိအမှတ်ပြုထားသော အလားတူဘွဲ့ရရှိထားသူဖြစ်ရမည်။  
(၃)သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် လျှောက်လွှာပိတ်သည့်ရက်တွင်  ခွင့် ရက်မပါ အနည်းဆုံးလုပ်သက်(၂)နှစ်ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်။  
(၄)ပြည်ပ၌ မိမိအစီစဉ်ဖြင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့လွန်ရရှိပြီးမှ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သူများမှ ဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်းများအတွက် လျှောက်ထားလို ပါက စုစုပေါင်းလုပ်သက် (၄)နှစ် ရှိရမည်။  
(၅)လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၅၂)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။  
(၆)သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ ရရှိပြီးနောက် အနည်းဆုံး(၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။      

၃။        လျှောက်လွှာပိတ်မည့်ရက်မှာ(၄.၈.၂၀၂၃)ရက် ( သောကြာနေ့)ဖြစ်ပါသည်။

၄။        လျှောက်လွှာကိုသက်ဆိုင်ရာဌာန   ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး   (ညွှန်ကြားရေးမှူးချုပ်/

ဦးဆောင်ညွှန်ကြားရေးမှူး) မှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး၏ ထောက်ခံချက်ပါရှိရမည်။ သတ်မှတ်ချက် အတိုင်း လျှောက်ထား ခြင်းမရှိသည့် လျှောက်လွှာများကို လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၅။        ကြိုတင်လျှောက်လွှာ မိတ္တူတစ်စောင်ကို ငွေသွင်းချလံမူရင်းနှင့်တကွ သွားဘက်ဆိုင်ရာ  ဆေးတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ်ထံသို့ လိပ်မူ၍ လျှောက်လွှာပိတ်ရက်မတိုင်မီ မပျက်မကွက် ပေးပို့ရမည်။

၆။        ဝင်ခွင့်ရေးဖြေစစ်ဆေးမည့်ရက်မှာ-

              ပါရဂူဘွဲ့သင်တန်းများ                                     (၅.၁၀.၂၀၂၃)ရက်၊(ကြာသပတေးနေ့)

              ဒီပလိုမာနှင့်မဟာသိပ္ပံသင်တန်းများ                (၆.၁၀.၂၀၂၃)ရက်၊(သောကြာနေ့)

               ဖြစ်ပါသည်။

၇။        ဘွဲ့လွန်ဆေးပညာသင်တန်းဝင်ခွင့်တွင် အင်္ဂလိပ်စာဘာသာရပ်ကို ထည့်သွင်းစစ်ဆေးခြင်း မပြု သော်လည်း သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း တစ်နှစ်လျှင်နှစ်ကြိမ်စစ်ဆေးမည့် အင်္ဂလိပ်စာဘာသာရပ် ကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲ(၂)နာရီ မေးခွန်းကိုဖြေဆိုရမည်။

အင်္ဂလိပ်စာဘာသာရပ် အရည်အချင်းစစ်စာမေးပွဲအောင်မြင်ကြောင်းတင်ပြနိုင်မှသာ ဘွဲ့ရအောင် စာရင်းကိုထုတ်ပေးမည်။

၈။        ဘွဲ့လွန်သင်တန်းဝင်ခွင့်လျှောက်ထားသူ နိုင်ငံ့ဝန်ထမ်းသွားဘက်ဆိုင်ရာဆရာဝန်များသည် ဘွဲ့လွန် သင်တန်းဝင်ခွင့်စာမေးပွဲ့ကြေးကျပ် -၁ဝဝဝိ/- (တစ်ထောင်ကျပ်တိတိ) ကို သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေး၏ မြန်မာ့စီးပွားရေးဘဏ်(၂)၊ အောင်မြေသာစံမြို့နယ်၊မန္တလေးတွင် ဖွင့်လှစ်ထားသောငွေစာရင်းအမှတ်၊ MD-288(MD-012887)သို့ ပေးသွင်းရမည်။

(မှတ်ချက်။ မြို့နယ်မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲမှတဆင့် မြန်မာ့စီးပွားရေးဘဏ်(၂)၊    

                အောင်မြေသာစံ မြို့နယ်၊ မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော သွားဘက်ဆိုင်ရာ  

                 ဆေးတက္ကသိုလ်-မန္တလေး၏ ငွေစာရင်းအမှတ်၊MD-288(MD-012887)သို့ လိပ်မူ၍  

                 ငွေလွှဲစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။)

၉။        သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရပြီးမှ သင်တန်းတက်ရောက်ရန် ပျက်ကွက်လျှင် နောင်ပညာ သင်နှစ်(၂)နှစ် ပြည်တွင်း/ပြည်ပ ဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားခွင့်မရှိပါ။

၁၀။      သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီး၊ တက်ရောက်ခွင့်ရ စာရင်းထုတ်ပြန်ပြီးမှ သင်တန်းကို မတက်ရောက်လျှင်ဖြစ်စေ(မှတ်ပုံတင်ခြင်းပြုသည်ဖြစ်စေ၊မပြုသည်ဖြစ်စေ)သင်တန်းကို ပြီးဆုံး အောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းအောင်မြင်ပြီးနောက်သတ်မှတ်ထားသည့်ကာလ အတိုင်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်လျှင်ဖြစ်စေ သတ်မှတ်ထားသော လျော်ကြေးငွေကိုပေးလျော် ရမည်။

၁၁။      လျှောက်လွှာခေါ်ယူသည့် ကြေညာချက်အပြည့်အစုံနှင့် အသေးစိတ်အချက်အလက်များကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ မန္တလေး၏ Webiste:http: //www.udmmandalay.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊မန္တလေး၏ ဘွဲ့လွန်/စာမေးပွဲဌာန၊ ဖုန်း- ၀၂-၄၀၈၀၇၃၅၊ ၀၂-၄၀၈၀၇၃၆၊ ၀၂-၂၈၄၇၈၀၃ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

                                                                                သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊မန္တလေး

Leave a Reply

Your email address will not be published. Required fields are marked *